ဖုန်းရွှေပညာအရ အိမ်ကို လာဘ်လာဘ ကောင်းစေတဲ့ ရွှေလာ၊ ငွေလာဂမုန်း

ဖုန်းရွှေပညာအရ အိမ်ကို လာဘ်လာဘ ကောင်းစေတဲ့ ရွှေလာ၊ ငွေလာဂမုန်း

Friday, April 26, 2024

ဖုန်းရွှေဗေဒင်

*****************************************
"Money plant" လို့ခေါ်တဲ့ ဒီအပင်လေးတွေကို မြန်မာမှာတော့ နွယ်ပါတဲ့ အဖြူရောင် အရွက်မျိုးဆိုရင် ငွေလာ၊ အစိမ်းရွက်ဖားဖားကြီးတွေကို ရွှေလာ ဂမုန်းလို့ ခေါ်ကြပါတယ်။  နွေရာသီမှာဆိုရင် ရွှေလာ၊ ငွေလာ ဂမုန်းတို့ရဲ့ စိမ်းစိုနေတဲ့ အရောင်အသွေးက မျက်လုံးအေးကာ စိတ်ကြည်စေပါတယ်။

တရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေပညာမှာလည်း ဒီဂမုန်းပင်လေးတွေကို အိမ်မှာ စိုက်ပျိုးထားခြင်းဟာ အိမ်ကို လာဘ်လာဘ ကောင်းစေခြင်း၊ အိမ်သူအိမ်သားအချင်းချင်း သင့်မြတ်ကောင်းမွန်ခြင်း၊ လေထုကို သန့်စင်ပေးနိုင်ခြင်း ဆိုတဲ့ အကျိုးကျေးဇူး ရှိတယ်လို့ ဆိုပါတယ်။ ရွှေလာ၊ ငွေလာ ဂမုန်းလေးတွေကို စိုက်မယ်ဆိုရင် အရှေ့တောင် အရပ်မှာ စိုက်တာဟာ အကောင်းဆုံး ဖြစ်ပြီး၊ အရှေ့ - မြောက် အရပ်မှာ စိုက်မယ်ဆိုရင်တော့ ငွေကြေးဆုံးရှုံးခြင်းနဲ့ အိမ်သူအိမ်သား၊ အိမ်သားနဲ့ အပြင်သူကြား ဆက်ဆံရေး ပြဿနာတွေ ပေါ်လာနိုင်တတ်လို့ လုံးဝ မထားရှိသင့်ဘူးလို့ ဖုန်းရွှေပညာရှင်တွေက ဆိုပါတယ်။


Credit: Money Plant