ဖုန်းရွှေအစီအရင်အရ အိမ်ထဲမှာထားရင် ကံဆိုးစေတဲ့ အရာများ
***************
အိမ်ဆိုတာ ကောင်းမွန်တဲ့ စွမ်းအင်တွေ စုစည်းသက်ဝင်နေတဲ့ နေရာ ဖြစ်သင့်ပါတယ်။ ဖုန်းရွှေအစီအရင်အရ အိမ်ထဲမှာ ပျက်စီးနေတဲ့ ပစ္စည်းတစ်ခုခု ထားခြင်းကို သတိပေးထားမြစ်ထားပါတယ်။ နာရီပျက်တစ်လုံးကတော့ မကောင်းတဲ့ နိမိတ်အဖြစ် ပြောပါတယ်။ အချိန်ကို ပြောနေတဲ့ ပစ္စည်းတစ်ခုခုဟာ အမြဲတမ်းအလုပ်လုပ်နေသင့်တယ်လို့ ဖုန်းရွှေပညာက ဆိုပါတယ်။ နာရီရပ်နေခြင်း မှန်ကွဲနေခြင်းဟာ အိမ်မှာ လာဘတ်တိတ်စေခြင်း မကောင်းတဲ့ဓာတ်တွေကို ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။
နာရီပျက်တွေလို အိမ်ထဲမှာ ပြက္ခဒိန်ဟောင်းတွေ မထားကောင်းဘူးလို့လည်း ယုံကြည်ကြပါတယ်။ ပြက္ခဒိန်လည်း နာရီလိုပဲ အချိန်ကိုပြတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ နှစ်ဟောင်းက ပြက္ခဒိန်ဟောင်းတွေ ထားခြင်းအားဖြင့် ကံဆိုးမိုးမှောင်ကျပြီး စီးပွားရေးဆုတ်ယုတ်တတ်တယ်လို့ ဆိုပါတယ်။
Credit: