လာဘ်လာဘတွေ ကံကောင်းခြင်းတွေကို ဆွဲငင်ယူဆောင်ပေးတဲ့ ဆည်းလည်းတွေအကြောင်း

လာဘ်လာဘတွေ ကံကောင်းခြင်းတွေကို ဆွဲငင်ယူဆောင်ပေးတဲ့ ဆည်းလည်းတွေအကြောင်း

Monday, September 18, 2023

ဖုန်းရွှေဗေဒင်

**********************************************
လေတိုက်တိုင်း လှုပ်ရှားပြီး ၊ သာယာတဲ့အသံလေးတွေ ထွက်ပေါ်လာစေတတ်တဲ့ ခေါင်းလောင်းလေးတွေ ဆည်လည်းလေးတွေကို နေအိမ်မှာ ချိတ်ဆွဲထားတာဟာလည်း ဖုန်းရွှေလို့ပြောရမှာပါ။

ဖုန်းရွှေ အစီအရင်တစ်ခုဟာ သင့်အိမ်အား ကြီးပွားတိုးတတ်စေနိုင်ပါတယ် ။

သာယာကြည်မြတဲ့ အသံတွေဟာ ကောင်းတဲ့ ကောင်းကင်ချီဓာတ်တွေကို သယ်ဆောင်ပေးသလို နေအိမ်ထဲမှာ အသံချိုချိုလေးတွေ မြည်စေတတ်တဲ့ ဆည်းလည်းလေးတွေ ချိတ်ဆွဲထားတာဟာ ကောင်းတဲ့ကမ္ဘာမြေပြင်ချီဓာတ်တွေကို အိမ်ထဲကိုဝင်စေဖို့ ဖန်းတီးပေးပါတယ် ။

ဒါကြောင့် အိမ်အဝင်အဝ တံခါးမကြီးတွေမှာ 'ဆည်းလည်း' တွေ ချိတ်ဆွဲထားရမယ်လို့ ဖုန်းရွှေပညာမှာ ဆိုထားပါတယ် ။

လေတိုက်လို့ ဆည်းလည်းက "ချွင်ချွင်" မြည်သံတွေဟာအိမ်သူအိမ်သားတွေရဲ့ သောတပသာဒကို အေးမြစေသလို လာဘ်လာဘတွေ ကံကောင်းခြင်းတွေကို ဆွဲငင်ယူဆောင်ပေးတဲ့ ဓာတ်တွေလဲ ပြည့်စုံစေပါတယ်။