ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ ဝါးပင်ပု (Lucky Bamboo)
************************
Dracaena Sanderiana မျိုးစိပ်ဖြစ်တဲ့ ဝါးပင်ပုလေးတွေဟာ တရုတ်ဖုန်းရွှေအယူအဆအရ ကံကောင်းစေပြီး ငွေရွှင်စေတဲ့ အပင်ဖြစ်ပါတယ်။
ဝါးပင်ပုဆိုပေမယ့် တကယ့်ဝါးပင်အစစ်ရဲ့ မျိုးစိပ်ဖြစ်တဲ့ Poaceae နဲ့တော့ မတူပါဘူး။ ဝါးပင်ပုလေးတွေကို စောင့်ရှောက်ဖို့ဆိုရင် ပင်စည်လေးတွေကို မကြာခဏ ညှပ်ပေးရပါတယ်။ မြေထက် ရေထဲမှာ ပိုရှင်သန်တဲ့အတွက် အိုးထဲမှာ ရေနဲ့ကျောက်စရစ်ခဲလေးတွေထည့်ပြီး စိုက်ရပါတယ်။
ဝါးပင်ပုရဲ့ရိုးတံလေးတွေအရ ကံကောင်းပုံခြင်းက ကွာခြားပါသေးတယ်။
ရိုးတံသုံးခုဆိုရင် ပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ အသက်ရှည်ခြင်းအတွက်ဖြစ်ပြီး ၅ခုနဲ့၆ခုဆိုရင် ချမ်းသာကြွယ်ဝခြင်း၊ ကံကောင်းခြင်းအတွက် ဖြစ်ပါတယ်။
ရိုးတံ ၇ခုဆိုရင်တော့ ကျန်းမာရေးကောင်းမွန်ခြင်းလို့ ယူဆကြပါတယ်။