လုပ်သမျှကြံစည် အောင်မြင်နိုင်သည့် မှန်တစ်ချပ်
*************************************
ဖုန်းရွှေအယူအဆများမှာ ကြည့်မှန်ကိုထားသိုတဲ့အခါမှာ လွန်စွာအရေးပါလှပါတယ်။ ကြည့်မှန်သည် ဖုန်းရွှေပညာတွင် တွန်းအားတစ်ခုအဖြစ် အမြဲရပ်တည်လျှက်ရှိပါသည်။
တွန်းအားဟုဆိုရာဝယ် ကောင်းသောအရာကို ဆတိုးတိုးကာ တွန်းအားပေးသကဲ့သို့ မကောင်းသောအရာဆိုလျှင်လည်း ဆတိုးတွန်းအားပေးတတ်သောကြောင့် အထူးဂရုပြုသင့်ပါသည်။ ကြည့်မှန်ကို ရုံးခန်းနှင့် နေအိမ်တို့တွင် နေရာမှန်ကန်စွာတပ်ဆင်ခြင်းဖြင့် ကောင်းသောခွန်အားစီးဆင်းမှုနှင့် မင်္ဂလာရှိသော ဖုန်းရွှေစီးဆင်းမှုတို့ကို ဖြစ်ပေါ်စေမည်ဖြစ်သောကြောင့် လေ့လာမှတ်သားထားသင့်ပါသည်။
ဖုန်းရွှေနည်းပညာ အယူအဆများတွင် ကြည့်မှန်များသည် ကောင်းသောခွန်အားသာမက တပ်ဆင်အသုံးပြုသည့် နေရာအထားအသို မမှန်ကန်ပါက မကောင်းသောခွန်အားများကိုပါ သယ်ဆောင်လာတတ်သည့် သဘောသဘာဝလည်းရှိပါသေးသည်။ “ပါ့ကွ”သဘောတရားအရ မှန်မထားသင့်တဲ့အဓိကကျတဲ့ နေရာနှစ်ခုရှိပါသည်။ ထိုနေရာများကတော့ အိမ်ထဲဝင်သည့်ဝင်ပေါက်နှင့် တည့်တည့်နေရာ၊ အိပ်ယာနှင့်မျက်နှာမူနေသည့်နေရာတို့ဖြစ်ကြပါသည်။ ကြည့်မှန်ကိုအိမ်ဝင်ပေါက်ရဲ့ တည့်တည့် (အိမ်ဝင်ပေါက်နှင့်မျက်နှာချင်းဆိုင်) မှာထားတယ်ဆိုလျှင် အိမ်အထဲကို ဝင်လာမည့် ခွန်အားစီးဆင်းမှုတွေကို အဟန့်အတားဖြစ်စေပါသည်။ အိမ်ဝင်ပေါက်ရဲ့ တည့်တည့် မှာ တပ်ဆင်ထားပါက နေရာရွေ့လိုက်ပါ။ စီးပွားလာဘ်လာဘတွေ တိုးပွားစေပြီး လုပ်သမျှ ကြံစည်အောင်မြင်နိုင်ဖို့ အတွက် မှန်ကို ဖုန်းရွှေနည်းအရ နည်းလမ်းမှန်မှန်နှင့် ချိတ်ဆွဲနိုင်ကြပါစေ ......
.