အိမ်ရှေ့တံခါးမကို တကျွီကျွီအသံတွေနဲ့ ကြွက်ကြွက်ညံမနေပါစေနဲ့။

အိမ်ရှေ့တံခါးမကို တကျွီကျွီအသံတွေနဲ့ ကြွက်ကြွက်ညံမနေပါစေနဲ့။

Tuesday, March 15, 2022

ဖုန်းရွှေဗေဒင်

**********************************

အိမ်ရှေ့ဝင်ပေါက်တံခါးမကြီး ဖွင့်လိုက်၊ ပိတ်လိုက်တိုင်း တကျွီကျွီအသံတွေ မြည်နေပါသလား။ ဝင်ပေါက်တံခါးမကြီး ဆိုတာ သင်အိမ်ထဲကို ပြန်ဝင်လာတဲ့အခါတိုင်း ၊ အိမ်ကနေ ထွက်ခွာတိုင်း ပထမဆုံးနဲ့ နောက်ဆုံးကြုံတွေ့ရတဲ့ အရာပဲဖြစ်ပါတယ်။ 

အဲဒီတံခါးမကို အဖွင့်အပိတ်လုပ်တိုင်း အသံတွေမြည်နေမယ်ဆို သင့်စိတ်ခံစားမှုနဲ့ ကျန်းမာရေးတို့ကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ တံခါးရဲ့ပတ္တာကို  ဆီထည့်ပေးပြီး အသံမမြည်အောင် ပြုလုပ်ခြင်းဖြင့် အိမ်ထဲကို ဝင် တိုင်း၊ အိမ်ထဲကနေ ထွက်ခွာတိုင်း ကောင်းမွန်တဲ့ စွမ်းအင်တွေကို များများ ဖန်တီးရယူလိုက်ပါ။ 

တံခါးမကြီးတင် မဟုတ်ပါဘူး။ တစ်အိမ်လုံးက တံခါးပတ္တာတွေကို ဆီထည့်ပေးပါကလည်း သင့်အိမ်မှာ ကျက်သရေမင်္ဂလာတိုးပွားစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဝင်ပေါက် တံခါးမကြီးကတော့ အရေးကြီးဆုံးပါပဲ။

သင့်အိမ်လေးကို ဖုန်းရွှေနည်းနဲ့ ကောင်းခြင်းမင်္ဂလာ ကျက်သရေဓာတ်တွေ ဖြည့်တင်းဖို့ရာ စတင်လိုက်ဖို့ အချိန်အခါမြတ်လေးပါပဲ.........